Steemit Myanmar မှညီအကိုမောင်နှမများမင်္ဂလာပါ ကျန်းမာချမ်းသာလို့ ကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ ဟိုတနေ့ကအဆက်လေး ဆက်ရေးပါရစေ သမီးလေး ၅ရက်မြောက်ည ၆ ရက်အကူးဆိုတော့သွေးလွန်တုတ်ကွေး ထုံးစံအရ ရှောခ့် ရမှာအစိုးရိမ်ရဆုံးအခြေအနေပါ အဲ့ဒီအချိန်မှာပဲ ဆရာမ ချောချောလေး သွေးခုန်နှုန်း တိုင်းဖို့ ဒုတိယအကြိမ် မြောက်လာခေါ်ပါတယ်ချော ချောလေး ဆိုတာ နောက်ရက်တွေမှ သတိထားမိတာပါ
အဲ့အချိန်က သတိမထားမိပါဘူး သမီးလေး ဇောကပ်နေလို့ပါ ) ခုတော့ စိတ်အေးရလို့ ရီစရာလေးထည့်ရေးတာပါ ဆရာမလေးလာခေါ် တော့စိုးရိမ်စိတ် နဲ့လိုက်သွားခဲ့ပါတယ် ဖခင်တစ်ယောက်အနေနဲ့ သမီးလေးသွေး လိုအပ်ခဲ့ရင် သွေးမလှူရမှာ အရမ်းစိုးရိမ်နေတဲ့စိတ်က ဖြစ်တည်နေတာကိုး... ဒါနဲ့ဆရာမလေးသွေးပေါင်ချိန်တိုင်းပြန်ပါရောဗျာ စိတ်လှုပ်ရှားတဲ့အတွက် ရင်ခုန်လာတယ်.... ဆရာမလေးကသွေးပေါင်ချိန်တိုင်းရင်း ကျွန်တော့်မျက်နှာသေချာကြည့်ပြီး ကလေးဖေဖေရေ စိုးရိမ်စိတ်သိပ်များနေတယ် ထင်တယ် သွေးတက်နေတုန်းပဲတဲ့ ... ဆရာမရယ် သေချာချိန်ပေးပါဗျာ ကျွန်တော် သမီးအတွက် အသွေးမက အသက်ပါ ပေးရဲပါတယ် ကျွန်တော်ပဲ လှူပါရစေလို့ပြောလိုက်တော့ ဆရာမလေး ကျွန်တော့မျက်နှာကိုဖခင်မေတ္တာကိုခံစားနားလည်တဲ့ အကြည့်နဲ သေချာကြည့်ပြီး .... ကလေးဖေဖေ ဖြစ်နေတဲ့ ခံစားချက်ကို ကျွန်မနားလည်ပါတယ် သိပ်မစိုးရိမ်ပါနဲ့ အရေးပေါ် သွေးလိုအပ်မှ သွင်းရမှာပါ ခုချိန်ထိ ကလေး presure က ၁၀၀ / ၆၀ မို့ ကောင်းနေပါသေးတယ်တဲ့
ဗျာဆရာမ လေး ၆၀ ဆိုတာ ကျတာမဟုတ်ဘူးလားလို့ စောဒက တက်မိပြန်တယ် ဟုတ်ကလေးတွေ အတွက်က မကျပါဘူးတဲ့ နောက်တစ်ခုက သွေးလွန်တုတ်ကွေး လူနာရဲ့
presure ဟာ အပေါ်သွေး /အောက်သွေး ၃၀ နဲ့ ၄၀ ကွာရင် ကောင်းပါတယ် ၂၀ လောက် ကွာရင် သိပ်မကောင်းပါဘူးတဲ့ ဗဟုသုတ တစ်ခု ရခဲ့ပြန်ပါတယ်
ဒါကြောင့် နောက်တစ်ကြိမ် တိုင်းပေးပါ့မယ့် စိတ်အေးအေး
ထားပါ ၄၅ မိနစ်လောက် ပြန်အနားယူလိုက်ပါဦး တဲ့
ဟုတ်ကဲ့ အနားယူရပြန်ပါတယ် ဒီလို နဲ့တစ်ညလုံး တိုင်းလိုက် နားလိုက် ဘုရားစာ ဆိုလိုက်နဲ့ မိုးလင်းတဲ့အထိ အဆင်မပြေခဲ့ပါဘူး သူ့ဂျူတီ ထွက်တော့မယိ့ ဆရာမလေးက နောက် ဆရာမတစ်ယောက် ကိုဆက်လွှဲခဲ့ပါမယ်တဲ့ ကလေးအခြေအနေက သိပ်စိုးရိမ်စရာ မတွေ့ရပါဘူးတဲ့ ဒါ
ကြောင့် day care လို့ခေါ်တဲ့ အထူးကြပ်မတ်ဆောင် ကိုတောင်မပို့တာပေါ့တဲ့ စိတ်အေးအေးထားပါဆိုပြီး ပြန်သွားပါတယ် မနက်ရောက်တော့ သမီးလေး ဆီးသွားချင်တယ်ပြောပြီး ဆီးတွေအများကြီးသွား ပါတယ် အဖျားလဲ ကျစ ပြုလာပါတယ် အစာနဲနဲ တောင်းလာပါပြီအကောင်းဘက်ကို အလေးသာလာပါတယ် အသည်းကတော့ကြီးနေသေးလို့ သူတို့ပေးတဲ့ Antacin လို့ခေါ်တဲ့
ဆေးရည်တိုက်ရတုန်းပါပဲ မနက် ၁၀ နာရီလောက်မှာ ဖျောရည် နဲ့ ထမင်း တော်တော် လေးစားလာပါတယ် ကျွန်တော် စိတ်နဲနဲ သက်သာလာပါတယ် မနက် ၁၁ နာရီ လောက်မှာ Prof Dr. U Saw Win လာကြည့်တဲ့အချိန်လက်ကသွင်း ထားတဲ့ ပိုက်ကိုဖြုတ်ခိုင်းပြီး ကလေးပုံစံ လန်းလာပါပြီ တဲ့ ဒါပေမယ့် အစာနဲ့ အရည်များများ ရသလောက် တိုက်ပေးပါဦး တဲ့ စောင့်ကြည့်
ရပါဦးမယ်တဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပျော်ပါတယ် ဗျာ သမီး
လေး ပြန်သက်သာလာလို့ပါ မနက်ဖြန်သက်သာရင် ဆေးရုံကဆင်းရမယ် လို့လဲ ပြောပါတယ် သမီးလေး ကျွန်တော့်ကိုပြုံးပြလာပါတယ် ဘယ်လိုအဓိပ္ပါယ် ဆိုတာပြောစရာမလိုတော့ပါဘူးဗျာ....
နောက်တစ်ပိုင်းကတော့ ဆေးရုံက ဆင်းရတဲ့ အချိန် မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက ဆေးရုံတွေရဲ့ အကြောင်းလေးတွေ ကြိုးစားပြီးရေး ပါဦးမယ်
Steemit Myanmar မှ ညီအကိုမောင်နှမ များပို့သတဲ့မေတ္တာကြောင့် ကျွန်တော့သမီးလေး သွေးမသွင်း
ခဲ့ရပါဘူးခင်ဗျာ....
ကျေးဇူးတင်စွားဖြင့်...
ကိုယ်တိုင်ရေး မှတ်စု
@NandaMinKhant
(steemit Myanmar )