Steemit Myanmar မှ ညီအစ်ကိုမောင်နှမများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလို့တောင်းဆုပြုလိုက်ပါတယ် နိုင်ငံရပ်ခြားရေခြားမြေခြားမှာ အလုပ်လုပ်နေကြတဲ့ Steemit Myanmar မှမိတဆွေများလည်း နိုင်ငံခြားကနေပြီး မြန်မာနိုင်ငံကအခြေအနေတွေကို Steemit ကသိရတာပိုကောင်းလိမ့်မယ်လို့ထင်မိပါတယ် ဘာဖြစ်လို့လဲဆိုတော့ Steemit မှာ တနေ့တခြားကလောင်သွေးထက်လာတဲ့သူတွေ တဖြည်းဖြည်းများလာကြလို့ပါ ကျွန်တော် အဓိကပြောချင်တာကတော့social midea
မှာ Facebook ဟာသုံးစွဲသူအများဆုံးဖြစ်သလို တချို့နေ
ရာတွေမှာလဲ ဗဟုသုတ အစုံအလင်ရရှိစေပါတယ် အသိမိတ်
ဆွေပေါများစေသလို တဖက်ကကြည့်ရင်လဲ ဘာသာရေး လူမျိုးရေးတွေ အမုန်းပွာရေးအတွက်အသုံးချရာနေရာတစ်ခုအပြင် မဟုတ်မမှန်သတင်းဖြန့်ချီရေး နေရာတစ်ခုလိုလဲဖြစ်လာစေတာကြောင့် မိတ်ဆွေ အပြင် ရန်သူလဲရနိုင်စေပါတယ်
Steemit မှာသူနဲ့မတူတဲ့အချက်ကတော့ အရင်ကကျွန်
တော်တို့ကြောက်နေကြတဲ့ ကိုယ်ပိုင်အတွေးအခေါ် အရေးအသားတွေကို ပြန်လည်ဝေငှ ကလောင်သွေးထက်စေခြင်းပါပဲ စာအရေးအသားအတွက် စာဖတ်ခြင်းကို အားပြုစေရတာမို့ စာဖတ်ခြင်းကိုလဲ အားကောင်းလာစေပါတယ် ဒါ့အ
ပြင်တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွေးအခေါ် အတွေ့အကြုံ ကျန်းမာရေးဗဟုသုတ ပညာရေး ခရီးသွားစတာတွေမှာ တကယ့်ကိုယ်တွေ့တွေကိုအခြေပြုရေးသားကြခြင်းကြောင့်စိတ်ဝင်စားဖွယ် အလွန်ကောင်းလာပါတယ်
ဒါတွေခုလိုရေးရခြင်းဟာ ကျွန်တော်အရင်ကထင်ထားတာနဲ့တခြားစီဖြစ်နေလို့ပါပဲ ခုတော့ကျွန်တော် တကယ်ကိုစိတ်ပါလက်ပါနဲ့ စာကောင်းတစ်ပုဒ်ဖြစ်ဖို့ ကြိုးစားနေပါတယ် ကူညီလက်တွဲခေါ်ကြတဲ့ Steemit Myanmar မှ senior များကိုလဲ အလွန်ကျေးဇူးတင်ပါတယ် မသိတာကို မတတ်တာကိုသိအောင် တတ်အောင် post တွေတင်ပေးနေတဲ့အကို kachin Henry Aung တို့ကိုလဲ အထူးကျေးဇူးတင်မိပါတယ် အဲစကားချပ်တွေရှည်ကုန်ရင် ခွင့်လွတ်ပါ ယနေ့ကျွန်တော် တင်ပြချင်တာက မြန်မာနိုင်ငံက ပုဂ္ဂလိကဆေးရုံ တွေအကြောင်းတစ်စေ့ တစ်စောင်းတင်ပြပါရစေ ကျွန်တော့်သမီးလေး ဆေးရုံတင်ရတုန်းက ကိုယ်တွေ့အမှန်လေးတွေပါ ဘယ်သူ့ကိုမှနစ်နာစေချင်တဲ့သဘော လုံးဝမပါပါဘူး ဒါပေမယ့် မြန်မာပြည်မှာ အစိုးရဆေးရုံ မတက်ပဲ ပုဂ္ဂလိကဆေးရုံတွေ တက်မယ်ဆိုရင် ငွေဆိုတဲ့ သည်းခြေကြိုက် ကြားခံလေး မပါရင် အဆင်မပြေကြပါဘူး အဲ့ဒါတော့ကွာ သူတို့လဲ စီးပွားရေးလုပ် တာပဲ ဒီလိုရဖို့
သန်းပေါင်းများစွာရင်း နှီးမြှုပ်နှံထားရတာ ကိုယ်ချင်းစာပေါ့ ဒီလိုပိုက်ဆံ ရဖို့နှစ်ပေါင်းများစွာ ပညတွေသင် စာတွေကျက်အပင်ပန်းခံခဲ့တာပေါ့ ကိုယ်ချင်းစာပေါ့ လို့ပြောကောင်းပြောမှာပါ ဟုတ်ကျွန်တော်လဲစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်မို့ကိုယ်ချင်းစာပါတယ် အမြတ်အစွန်းအတွက် စီးပွာရေးလုပ်တာပဲ လုပ်ကြရမှာပါ ဒီနေရာမှာ ကျွန်တော် ပြောချင်တာကစီးပွားရေး တော့မှနတယ် မတော်လောဘလေူတွေ မပါကြဖို့ပြောချင်တာပါ အခုကျွန်တော် တင်ပြရတာ ခေတ်မှီနေတဲ့ စင်္ကာပူ ထိုင်း မလေးရှား အိန္ဒယ စတဲ့နိုင်ငံတွေဟာ ကျွန်တော်တို့မြန်မာ နိုင်ငံထက် တိုးတက်နေကြတာလူတိုင်းသိကြမှာပါ ဒါပေမယ့် ဆေးကုသစရိတ်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက ပိုဈေးကြီးနေပါတယ် နိင်ငံတစ်နိုင်ငံ တိုးတက်တာနဲ့အမျှ အခွန်နဲ့ ကုန်ကျစရိတ်● ဝင်ငွေတွေဟာကျွန်တော် တို့နိုင်ငံထက်အဖက်ဖက်က သာနေပါတယ် ကျွန်တော်တို့နိုင်ငံ မှာတော့ လူတန်းစားကွာဟမှုကြောင့် တိုးတက်ဖို့နှေးကွေး နေရပါတယ် အရင်းရှင်ဆန်တဲ့စီးပွာရေး
တွေ ရှိနေပါသေးတယ် ကျွန်တော် ပြောနေတာနဲ့လိုရင်းမရောက်တော့ဘူး အမှားပါရင် ခွင့်လွှတ်ကြပါ
ကျွန်တော့်သမီးလေး အခြေအနေ ကောင်းလို့ ဆေးရုံကဆင်း
ရဖို့ သွေးလွန်တုတ်ကွေး ဖြစ်တဲ့ ၆ ရက်မြောက်ညမှာ round လှည့်တဲ့ ကလေးအထူးကုဆရာဝန်မကြီးက စစ်ဆေးပြီး အခြေအနေ ကောင်းနေပါပြီ တဲ့ မနက်ဖြန် ဆရာဝန်ကြီး ( Professor ) ကကြည့်ပြီး ဆင်းခွင့်ပေးပါ
လိမ့်မယ်တဲ့ ကျွန်တော့်ရင်ထဲ ဝင်ကြည့်ပါ မိတ်ဆွေတို့ရေ
ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ သမီးလေး အသက်အန္တရာယ် မရှိတော့ဘူးလေ ဒီလိုနဲ့ အိပ်ရေးပျက်ပေါင်းများနေတဲ့ ကျွန်တော် အဲ့ညမှာနှစ်
ခြိုက်စွာ အိပ်ပျေည်ခဲ့ပါတယ် မနက် ၈ နာရီရောက်တော့
အိပ်ယာနိုးလို့ မျက်နှာအမြန်သစ် သမီးလေးကို နှိုး ရေပတ်
တိုက်မနက်စာကျွေး ပေါ့ ပစ္စည်း တွေလဲ ကြိုသိမ်းထား
တယ်ပေါ့ သမီးလေးကအဖျားလုံးဝ မရှိတော့ဘူးလေ မနက် ၈ နာရီ ခွဲမှာ အားလုံး အဆင်သင့်ဖြစ်စွာနဲ့ professor Dr. ကြီးကို စောင့်နေမိပါတယ် သမီးလေးကလဲ အိမ်ပြန်ချင်တယ်ပဲပြောနေပါတယ် သူလဲ နေရတာ ပျင်းရှာမှာပေါ့လေ
အဲပြောဖို့ မေ့လို့ သမီးလေးဆေးရုံတက်တော့ deposit တင်ထားရတယ် ဗျ အဲ့စာရွက်ပျောက်လို့ရှာရသေးတယ် တော်သေးတယ် ပြန်တွေ့လို့ ဆေးရုံ Bill ရှင်းရင် deposit တင်ထားတာ နှုတ်ပြီးရှင်းရမှာကို အဲ့စာရွက် ပျောက်လို့မရဘူးBill ရှင်းရင်ယူလာဖို့ အစောကထဲက ပြောထားတာကို သမီး
လေးစိတ်နဲ့ သေချာမသိမ်းမိပါဘူး
အဲဒီလိုနဲ့ ဆရာဝန်ကြီးကို စောင့်နေတာ ၁၁ နာရီ ထိုးလာပါပြီ
အရိပ်အရောင် မမြင်ရသေးပါဘူး ဆရာဝန်ကြီး လာခါနီးဆို
သိသာပါတယ် ဆရာဝန်တွေ နပ်စ်တွေ သန့်ရှင်ရေးတွေ ပြာ
ယာခတ်နေကြလို့ပါ ဝန်ကြီးချုပ်လာတဲ့အတိုင်ပါပဲ
ကျွန်တော် မနေနိုင်လို့ ကောင်တာပြေးပြီး နပ်စ်တွေကိုပြောပါ
တယ် ဆရာမရေ ဆရာကြီး round မလှည့်သေးဘူးလားလို့
သူတို့အပြောကတော့ မကြာပါဘူးလာပါတော့မယ် တဲ့ ဟုတ်ကဲ့ ကျွန်တော်ပြန်စောင့်နေရပြန်ပါတယ် အဲ တဖြည်းဖြည်း ၁၂ နာရီ ကျော်လာပါပြီ သန့်ရှင်းရေ တစ်ယောက် အခန်းထဲ ဝင်လားပြီး ဟိုလှည်း ဒီလှည်း နဲ့ပြန်ထွက်
သွားပါတယ် ကျွန်တော် သိလိုက်ပါပြီ ဆရာကြီးလာပါပြီ လို့
မကြာပါဘူး ဆရာကြီး အခန်းထဲ ဝင်လာပါတယ် ကျွန်တော့်
သမီးလေးကို ကြည့်ပြီး ပြုံးရွှင်စွာနဲ့ ကလေးရေ ဆေးရုံက
ဆင်းလို့ရပါပြီတဲ့ ပြောပြီး ပြန်ထွက်သွားပါတယ် ၁၅ မိနစ်လောက်ကြာတော့ နပ်စ် တစ်ယောက် လာပြီးသမီးလေး
လက်က လက်ပတ်နဲ့ ပတ်တီးတွေလာဖြည်သွားပါတယ်
ဆရာမရေ bill ရှင်းလို့ ရပြီလားမေးတော့ ၁နာရီ လောက်
စောင့်ရပါမယ်တဲ့ ဟုတ်ကဲ့စောင့်ပါမယ် လို့ ပြောတော့ ဆရာမ ပြန်ထွက်သွားပါတယ် နေ့လည် ၁၂ နာရီခွဲဆိုတော့ဗိုက်ကဆာလာပါတယ် သမီးလေးလဲ ဆာနေပါပြီ ကျွန်တော်က မနက်ပိုင်းဆင်းရ မယ်ထင်ပြီ ထမင်းလာ
မပို့ခိုင်းပါဘူး ရှိတဲ့ပစ္စည်းတွေလဲ သိမ်းထားပြီး ဘာမှ မဝယ်
ထားပါဘူး အိမ်မှာကျွန်တော် တို့ပြန်လာရင် အသင့်စားဖို့
အိမ်ကလူတွေက အဆင်သင့်လုပ်ထားပါတယ်
ကျွန်တော်လဲ အိမ်ရောက်မှ စားမယ်လို့တွေးပြီး ဆက်စောင့်
နေပါတယ် နေ့လည် ၁နာရီ ခွဲ ကျော်ထိ ဘယ်သူမှ မလာပါ
ဘူး မနေနိုင်တော့လို့ ကောင်တာထပ်ပြေးရပါတယ် ကျွန်တော် တို့တက်နေတာ ဆေးရုံက ၆ လွှာမှာပါ အခန်းဘးလောက်ရှိလဲတော့ဘသတိမထားမိခဲ့ပါဘူး အဲ့ဒီအခန်း တွေအတွက် ကောင်တာတစ်ခုရှိပါတယ် အဲ့မှာ ဆရာဝန်
တစ်ယောက် နပ်စ် နှစ်ယောက် သန့်ရှင်းရေး ၂ယောက် နောက် အထွေအထွေထင်တာပဲ အမျိုးသားတစ်ယောက် ရှိကြပါတယ် ကျွန်တော် ကောင်တာကို ဒုတိယအကြိမ်မေးပါတယ် ဆရာမတို့ bill ရှင်းလို့ရပြီလားခင်ဗျာလို့ computer ရှေ့မှာထိုင်နေတဲ့နပ်စ်မ က ကျွန်တော့် ကို တစ်ချက်ကြည့်ပြီး နောက်တစ်နာရီ နှစ်နာရီလောက် ကြာဦးပါမယ်တဲ့ သူပြောတဲ့ပုံက ပေါ့ပေါ့ပါးပါးပါပဲ ကျွန်တော် စိတ်တိုသွားပါပြီ ခုနကတစ်နာရီစောင့်ဆိုလို့ ကျွန်တော် စောင့်နေတယ် တစ်နာရီ ပြည့်ပြီ ခုတစ်ခါ ထပ်စောင့်ဆိုတော့
ကျွန်တော့ bill တော်တော် များနေလို့လားလို့ ကျွန်တော်မေး
ပါတယ် နပ်စ်မက စိတ်မရှည်သလိုနဲ့ အလှည့်ကျပါတဲ့ ဆင်းတဲ့လူများနေလို့ ဖြစ်ပါလိမ့်မယ် တဲ့သူရှင်ပြတာ Costemer care လုံးဝမရှိပါဘူး ကျွန်တော် စိတ်တိုလို့ပြောမလို့အချိန်မှာပဲ ဆရာဝန်မလေးက စိတ်မရှိပါနဲ့အကို
ဆရာကြီးက အရေးကြီး day care ကိုအရင်ကြည့်ပါတယ်
ပြီးမှ ၈ လွှာ ၇ လွှာ ၆လွှာ ဆိုပြီးတဆင့်ချင်းကြည့်တာပါ အဲ့ဒီ့
အလွှာတွေမှာလဲ အကိုတို့လို့ဆင်း တဲ့လူတွေရှိလို့ အခုလို
စောင့်ရတာပါတဲ့ အရေးကြီးရင် ဖုန်းဆက်ပေးပါမယ်တဲ့
အဲ့ဒါဆိုဆက်ပေးပါ သူ့အမေ နိုင်ငံခြား ပြန်ရတော့မယ် လို့ပြောမှ ဖုန်းဆက်ပေးပါတယ် နာရီဝက်လောက် ကြာတောBill ရှင်းလို့ရပါပြီတဲ့ ကျွန်တော် bill စာရွက်ကိုကြညိ့တာ ဆေးဖိုး ၂၅၀၀၀ နှစ်သောင်းငါးထောင် ပဲကျပါတယ် ဘာမှ
သိပ်မယူထားလို့ပါ ကျွန်တော်တိုမသုံးတဲ့ Mask ဖိုးတွေ
လက်အိပ် ၁၇ စုံဖိုးတွေ မမေးတော့ပါဘူး သူတို့ဆေးလာ
တိုက်လဲ ကျွန်တော် အဖျားတိုင်းလဲ ကျွန်တော်ပါပဲ ဘယ်နပ်စ်မှ လက်အိပ် တွေ Mask တွေဝတ်မလာပါဘူး
တန်ဖိုး ဘာမှမများလို့ မပြောတော့ပါဘူး ကျွန်တော် နေတဲ့
အခန်းက ၄ယောက် ခန်းပါ အခန်းမရလို့အပြင်မှာနေရတဲ့
သူတွေလဲ အများကြီးပါ ကုတင်အတွက် တစ်ရက် ၁၅၀၀၀
(တစ်သောင်းငါးထောင်) တဲ တန်တယ်ပေါ့ ဟုတ် ကောင်
တာမှာထိုင်တဲ့ လူတ်ေအတွက် service ကြေး care ကြေး ၂၇၀၀၀ ( နှစ်သောင်းခုနစ်ထောင်) သန့်ရှင်းရေး တစ်
ရက် ၃၀၀၀ (သုံးထောင်) တစ်ရက် တစ်ခါ တံမျက်စည်း လာ
လှည်းခပေါ့ ဆရာဝန်ကြီး တွေ round လှည့်ခ တစ်ရက်
၃၇၀၀၀ (သုံးသောင်းခုနစ်ထောင်) တဲ့ ကျွန်တော် ဘာမှမ
ပြောတော့ပါဘူး ကျွန်တော့်သမီးလေး ဘာမှမဖြစ်တာပဲ ကျေး
ဇူးတင်တဲ့အနေ နဲ့ ရှင်ခဲ့ပါတယ် ကျွန်တော် ယူထားတာက
Biogesic တစ်ပုလင်း အဖျားတိုင်း သာမိုမီတာ တစ်ခု
Antacin liquid တစ်ပုလင်း drip သွင်းတာ glucose ၄ ပုလင်း (သမီးလေး ၃ ပုလင်းသာ အသုံးပြု)
ခဲ့ပါတယ် ကျန်တာတော့ စဉ်းစားကြည့်ကြပါတော့ဗျာ
ပိုက်ဆံမပါရင် ပုဂ္ဂလိက ဆေးရုံတက်ဖို့ မစဉ်းစားကြပါနဲ့လို့
မရေးတတ်ရေးတတ်နဲ့ရေးထားတာပါ ကိုယ်တွေ့အဖြစ်မှန်ပါ
မည်သူ့ကိုမှ အပြစ်မတင်ပါ မျှဝေခြင်းသက်သက်ပါ
ကျေးဇူးတင်စွားဖြင့်...
ကိုယ်တိုင်ရေး မှတ်စု
@NandaMinKhant
(steemit Myanmar )